Sunday, January 6, 2013

Ytune ကိုဘယ်လို ထည့်သွင်းမလဲ


အဆိုပါ Ring Tune စနစ်မှာ ဖုန်းခေါ်ဆိုသူဘက်မှ ကြားရမည့်
Caller Ring Bace Tone ဖြစ်ပြီး သီချင်းများကိုမူ အသုံးပြုသူဘက်မှ စိတ်ကြိုက်ရွေးချယ်နိုင်မည်ဖြစ်ကြောင်း
သိရသည်။
သီချင်းသံရယူလိုသူများအနေဖြင့် http://www.ytune.com.mm/ သို့ဝင်ရောက် စာရင်းသွင်းရမည်ဖြစ်သည်။ 

ဖုန်းဖြင့် SMSစနစ်ဖြင့်လည်း ဖုန်းနံပါတ် 1772 သို့   Reg ဟုရိုက်နှိပ်ပေးပို့ပြီး
စာရင်းသွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။
"စာရင်းသွင်းတာရပြီဆိုတာကို Ytune ဘက်ကနေ SMS နဲ့ လျှို့ဝှက်နံပါတ်ပြန်ပို့ပေးမှာပါ။ နောက်ထပ် 1772 သို့  password ပြောင်းရန်အတွက် cpw ဂဏန်ခြောက်လုံး ပို့ပေးရပါမည်။
http://www.ytune.com.mm/ Ytune ဆိုက်ပေါ်မှာ
  sing in လုပ်ပြီး သီချင်းတွေကို စပြီးရွေးဝယ်လို့ရပါပြီ။


အဆိုပါစနစ်အတွက် လစဉ်ကြေး ၂၀၀၀ ကျပ်နှင့် သီချင်းတစ်ပုဒ်လျှင်
၃၀၀ ကျပ်ပေးသွင်းရမည်ဖြစ်ပြီး သီချင်း(၁၀)ပုဒ်အထိထည့်သွင်းနိုင်မည်ဖြစ်ကြောင်းသိရသည်။

၎င်း Ytune စနစ်တွင် ချစ်သူခင်သူများထံသို့ သီချင်းသံ (Ring Tune)ကိုလည်း လက်ဆောင်ပေးပို့သွားနိုင်မည်ဖြစ်ကြောင်းသိရသည်။

"Ytune ဆိုက်ပေါ်မှာပဲ ကိုယ်ပို့ပေးချင်တဲ့သီချင်းကို လက်ဆောင် Gift ဆိုတဲ့ခလုတ်နှိပ်ပြီး ပို့ရမှာပါ၊ အဲ့ဒိမှာ ဘယ်ဖုန်းကို ပို့မလဲဆိုတဲ့စာပေါ်လာရင် ကိုယ်ပို့ပေးချင်တယ့် နံပါတ်ကို ရိုက်
ထည့်ပေးလိုက်ရုံပါပဲ၊ပိုက်ဆံကိုတော့ ကိုယ့်ထဲကပဲ ဖြတ်မှာပါ။ ဒါပေမယ့် သူဘက်ကို ဖုန်းခေါ်တာနဲ့ ကိုယ်ပို့ပေးတယ့် သီချင်းကို ကြားနိုင်ပါပြီ" ဟု Ytune မှ ပြောကြားသည်။

11 comments:

  1. မသုံးချင်တော့လို့ပြန်ဖြုတ်ချင်ရင်ကော ဘယ်လိုလုပ်ရမလဲ အကို......

    ReplyDelete
  2. ပြန်ဖျက်ချင်ရင်ကောအစ်ကို...

    ReplyDelete
    Replies
    1. 1772 ကို Unreg လို့ပို့လိုက်ပါ

      Delete
  3. အကိုကိုယ်‌တိုင်‌ဆိုထားတဲသီချင်းကိုထည့်‌ချင်းလို့ ရလားအကို

    ReplyDelete
  4. www.ytune.com.mm ကိုဝင်လို့မရဘူးဖြစ်နေတယ်

    ReplyDelete
  5. ytuneလျှောက်တာ smsနဲ့ လျှောက်မိတယ်
    အဆင်ပြေပါတယ် ဒါပေမဲ့ pw မရသေးဘူး
    တဖက်လူဖုန်းခေါ်ရင် သီချင်းဝယ်လို့
    ဘယ်လို လုပ် ရမလဲ ခင်ဗျား

    ReplyDelete
  6. ကူညီပါအုံး အကို www.ytune.com.mm
    ဝင် တာလဲ မရဘူး ဖြစ်နေတယ်
    ဘာဆက်လုပ် ရမလဲ အကို

    ReplyDelete
  7. Iggy azalea ရဲ့သီချင်း Fancy အတွက် code လိုချင်လို့ပါရှင်, http://www.ytune.com.mm/ ထဲဝင်လို့မရလို့ပါ, code မရှိသေးရင်လည်း create လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ရှင်...

    ReplyDelete
  8. ဟုတ်တယ် ၂၀၀၀ ဖြတ်ပြီး သီချင်း ဝယ်လို့ မရဘူး ဝက် ဆုဒ်က လည်း ဝင်မရဘူး တကယ်လို့ သုံး မရရင် လည်း မရတော့ တဲ့အကြောင်း ပြန်ရေးလေ သူများတွေဆီက ဘေ တွေဖြတ်မိနေမယ်

    ReplyDelete
  9. အဲ Website ကိုဘယ်​လိုရှာရမလဲ..ရှာလို့လဲမ​တွေ့ဘူး...

    ReplyDelete
  10. ပိုက်ဆံနှစ်ထောင် ဖုန်းထဲကနေပီးဖြတသွားစတယ်ါပေမယ့် code number လည်း မပို့ပေးဘူး လိမ်ညာနေတာလား ဗျ Y Tune Group ရ

    ReplyDelete